Digital Marketing Myanmar

လူမှုကွန်ယက်စာမျက်နှာကို Customer Service ပေးတဲ့ Channel တစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

လူမှုကွန်ယက် သုံးစွဲမှုဆိုင်ရာ ကိန်းဂဏာန်းများ

Facebook, Instagram နဲ့ Twitter စတဲ့ လူမှုကွန်ယက် စာမျက်နှာများဟာ လူတစ်ဦးနှင့် အခြားသူတစ်ဦး (သို့ တစ်စုံတစ်ခု) ချိတ်ဆက်နိုင်ဖို့အတွက် ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး ဆက်သွယ်မှုပုံစံများ အဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က စတင်ခဲ့တဲ့ လူမှုကွန်ယက် စာမျက်နှာများရဲ့ ကျယ်ပြန့်လွှမ်းမိုးလာမှုဟာ အံ့အားသင့်ဖွယ်ရာ ကောင်းလှသလို အရှိန်လျော့ကျသွားဖို့လည်း မရှိသေးပါဘူး။ လူမှုကွန်ယက်တွေကို စီးပွားရေးလုပ်ငန်းများအတွက် ကျယ်ပြန့်စွာ အသုံးချလာခြင်းဆိုတဲ့ မြှားဟာလည်း အတက်ဖက်ကို ဆက်လက်ဦးတည်လျက် ရှိနေပါတယ်။

၂၀၁၆ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရ အမေရိကန်နိုင်ငံ လူဦးရေရဲ့ ၅၆ ရာခိုင်နှုန်းဟာ အနည်းဆုံး လူမှုကွန်ယက်တစ်ခုကို ပုံမှန်သုံးစွဲလေ့ရှိကြောင်း သိရှိရပါတယ်။ ၂၀၁၀ စစ်တမ်းအရ ဒီပမာဏဟာ ၄၈ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

ထိုနည်းတူ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ တစ်လအတွင်း လူမှုကွန်ယက် ပုံမှန်သုံးစွဲသူ ၁၄ သန်းကျော်ရှိနေပြီး ယင်းပမာဏရဲ့ ၄၉ ရာခိုင်နှုန်းဟာ Facebook ကို နေ့စဉ် သုံးစွဲလျက် ရှိနေပါတယ်။ ယင်းပမာဏဟာ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၈၄ ရာခိုင်းနှုန်း (လူဦးရေ ၆ သန်း) ပိုမိုများပြားလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းအမှတ်တံဆိပ် Brand များနဲ့ လူမှုကွန်ယက်စာမျက်နှာများ

ဒီနေရာမှာ ထူးခြားတာ တစ်ချက်ကတော့ လူမှုကွန်ယက် သုံးစွဲသူများရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ ကုန်ပစ္စည်းအမှတ်တံဆိပ် (Brand) များရဲ့ လူမှုကွန်ယက် စာမျက်နှာတွေကို Like (Follow) လုပ်ထားခြင်း မရှိပါဘူး။ အများစုကတော့ သတင်းဖတ်ရှုခြင်း၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များရဲ့ Post များကို ဖတ်ရှုခြင်း၊ ဖျော်ဖြေရေး (Entertainment) အတွက် အသုံးပြုခြင်းနဲ့ မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်များနဲ့ ဆက်သွယ်ပြောဆိုဖို့ အသုံးပြုလျက် ရှိနေကြပါတယ်။

ဒါဟာ ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ကုန်ပစ္စည်းအမှတ်တံဆိပ် (Brand) များဟာ လူမှုကွန်တွေကို မှန်မှန်ကန်ကန် စနစ်တကျ အသုံးပြုတတ်ခြင်း မရှိသေးလို့ပါပဲ။

ဒီနေရာမှာ သတင်းကောင်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ သင့်ရဲ့ ကုန်ပစ္စည်း Brand အနေနဲ့ လူမှုကွန်ယက်များပေါ်မှာ သုံးစွဲသူများနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ငန်းတိုးတက်ဖွံ့ဖြိုး ကြီးထွားလာစေဖို့ လုပ်ဆောင်လို့ရတဲ့ အနေအထားတွေ ရှိနေပါသေးတယ်။

ဒီနေရာမှာ အဓိကသော့ချက်ကတော့ ပုံမှန် Marketing လုပ်ဆောင်ချက်များကနေ ဒီဂျစ်တယ်ဖက်ပိုင်းကို တိုးချဲ့တယ်ဆိုတာထက် Digital Marketing အနေနဲ့ ကဏ္ဍတစ်ခုအဖြစ် သီးသန့်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါမှလည်း လူမှုကွန်ယက်များမှတဆင့် မိမိရဲ့ Customer များကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု (Customer Service) ပေးနိုင်မှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ် များစွာသက်သာတဲ့ Social Customer Service

လူမှုကွန်ယက်ပေါ်ကနေ Customer Service ပေးတယ်ဆိုတာ သာမန်နည်းလည်းများနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အကုန်အကျ ပိုပြီးသက်သာသလို လွယ်ကူလျှင်မြန်ပြီး ပိုမိုထိရောက်မှု ရှိပါတယ်။ စစ်တမ်းများအရ လူမှုကွန်ယက်မှ ဝန်ဆောင်မှုပေးခြင်း (Social Customer Service) ဟာ သမားရိုးကျ နည်းလမ်းများနဲ့ ဝန်ဆောင်မှုပေးခြင်းရဲ့ ကုန်ကျစရိတ်ရဲ့ ၆ ပုံ ၁ ပုံသာ ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လို့ သင့်အနေနဲ့ Customer များကို လူမှုကွန်ယက်ပေါ်မှာ နွေးထွေးတဲ့ဝန်ဆောင်မှု ပေးအပ်ဖို့အတွက် Social Customer Service ဖက်ကို ယုံကြည်မှုရှိရှိနဲ့ ပြောင်းလဲဖို့ အကြောင်းပြချက်ကို ရှာနေတယ်ဆိုရင်တော့ ရှည်ရှည်ဝေးဝေး စဉ်းစားမနေပဲ ချက်ခြင်းလက်ငင်းရရှိမယ့် ငွေကုန်ကြေးကျ သက်သာတယ်ဆိုတဲ့ အချက်ကိုသာ သတိရလိုက်ပါတော့လို့ ပြောချင်ပါတယ်။

Social Customer Service ပြုလုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးအမြတ်

အသေးစား စီးပွားရေးလုပ်ငန်းရှင် ၄၆ ရာခိုင်နှုန်းဟာ မိမိရဲ့ လုပ်ငန်းစီးပွားကနေ အကျိုးအမြတ်များ တိုးတက်ရရှိရေး ဆောင်ရွက်ဖို့ဟာ ယင်းတို့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုလို့ သတ်မှတ်ထားကြပါတယ်။

ဒါကြောင့် လူမှုကွန်ယက်များ အသုံးပြုပြီး ဝန်ဆောင်မှုပေးခြင်းဟာ အသေးစား စီးပွားရေးလုပ်ငန်းရှင်များ အဓိကရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကြီးဖြစ်တဲ့ အကျိုးအမြတ် (Profit) တိုးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုစေမှာ သေချာနေပါတယ်။

Business2Community.com ရဲ့ စစ်တမ်းအရ Customer အများစုဟာ လူမှုကွန်ယက်များမှတဆင့် အချက်အလက်များ နှီးနှောဖလှယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနဲ့ အကူအညီပေးခြင်းတို့ ပြုလုပ်နေတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် (Brand) ထံမှာ ၂၀ ရာခိုင်နှုန်းကနော ၄၀ ရာခိုင်နှုန်းအထိ ငွေကြေးပိုမို သုံးစွဲလေ့ရှိကြောင်း သိရှိရပါတယ်။ ဒီတစ်ချက်နဲ့တင် Social Customer Service ကို စနစ်တကျ ပြုလုပ်ပေးခြင်းဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလို နာမည်ကောင်းလည်းရ အကျိုးအမြတ်လည်း ဖြစ်ထွန်းတဲ့ နည်းလမ်းဆိုတာ သေချာနေပြီ ဖြစ်ပါတယ်။

သင့်ရဲ့ Brand ကို ပြိုင်ဖက်များအလယ်မှာ ထင်ရှားပေါ်လွှင်စေခြင်း

လူမှုကွန်ယက်များကို Customer Service ပေးတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးချရာမှာ ရရှိလာမယ့် အကျိုးအမြတ် နောက်တစ်ခုကတော့ သင့် Brand ရဲ့ သမားရိုးကျ ဈေးကွက်ချဲ့ထွင်မှု Marketing လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ လူမှုကွန်ယက်ပေါ်မှာ Customer များနဲ့ ပြောဆိုဆက်ဆံမှု အများစုဟာ လူမြင်ကွင်းမှာ ဖြစ်နေတယ်ဆိုတာကို မမေ့ပါနဲ့။ Customer တစ်ယောက်ကို အကူအညီပေးလိုက်တာကို ဘယ်သူမဆို ထင်ရှားစွာ တွေ့မြင်နိုင်လို့ ဒီအခြေအနေကို ပိုင်နိုင်စွာ အသုံးချတတ်မယ်ဆိုရင် သင့် Brand အတွက် အကျိုးအမြတ်တွေ အများကြီး ရှိလာနိုင်မှာ သေချာနေပါတယ်။

လူမှုကွန်ယက်ပေါ်မှာ သင့်ရဲ့ Customer တစ်ယောက်ရဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်ခြင်းဟာ ယင်းပုဂ္ဂိုလ်တစ်ဦးတည်း ကျေနပ်မှု ရရှိစေနိုင်တာ မဟုတ်ပါဘူး။ မိမိရဲ့ လုပ်ဆောင်ချက်နဲ့ ကြိုးစားအားထုတ်မှုကို အားလုံးက ထင်ရှားစွာ တွေ့မြင်နိုင်လို့ ဤကောင်းသတင်းဂုဏ်ဟာ ပန်းသတင်း လေညှင်းဆောင်သလို လျှင်မြန်စွာ ပြန်နံှ့သွားဖို့ ရှိနေပါတယ်။ ဒါဟာ ငွေကြေးပမာဏ တစ်ခုနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ အကျိုးထူး အကျိုးမြတ် တစ်ခုပဲ ဖြစ်ပါတယ်။ ထာဝရတည်မြဲနိုင်တာက ကောင်းသတင်းဂုဏ်ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

နိဂုံး

အစပိုင်းမှာ ပြောခဲ့သလို လူမှုကွန်ယက်များဟာ လူအများအတွက် အဓိကအကျဆုံး ဆက်သွယ်ရေးနည်းလမ်းတစ်ခု ဖြစ်လာခဲ့သလို ကုန်ပစ္စည်းအမှတ်တံဆိပ် Brand များအတွက်တော့ အပြန်အလှန် အကျိုးသက်ရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

မိမိရဲ့ Customer များ သိရှိစေနိုင်ဖို့ လူမှုကွန်ယက်ပေါ်ကနေ ကုန်ပစ္စည်း (Product) ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်း (Service) များအကြောင်း ကြေညာပေးခြင်းဟာ မြန်ဆန်လွယ်တာ မှန်ပေမယ့် သင့်ရဲ့ Customer များရဲ့ လိုအပ်ချက်နဲ့ စိတ်ဝင်စားမှု Level ဟာ ဒီထက်ပိုတယ်ဆိုတာကို သိရှိနားလည်ပြီး အသင့်ပြင်ထားဖို့တော့ လိုပါလိမ့်မယ်။

လူမှုကွန်ယက်ပေါ်မှာ Customer Service ပေးခြင်းကို အားသွန်ခွန်စိုက် ပြုလုပ်ခြင်းဖြင့် Customer များရဲ့ လိုအပ်ချက်များနဲ့ ပြဿနာများကို လွယ်ကူလျှင်မြန်စွာ ဖြေရှင်ပေးနိုင်သလို လူအများရဲ့ မြင်ကွင်းမှာ သင့်ရဲ့ Brand ကို အမှတ်ကောင်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် Brand တစ်ခုအနေနဲ့ Facebook မှတဆင့် Customer Service လုပ်တဲ့အခါမှာ မိမိထံ ရောက်ရှိလာတဲ့ Customer များရဲ့ Message များကို ပြည့်စုံလျှင်မြန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် မိမိ Brand ရဲ့ Customer အပေါ် ပေးအပ်တဲ့ ဝန်ဆောင်မှု အဆင့်အတန်းကို ထင်ရှားပေါ်လွင်စေမှာ ဖြစ်ပါတယ်။

၄၂ ရာခိုင်နှုန်းသော Customer များဟာ မိမိတို့ရဲ့ Message များကို ၁ နာရီအတွင် ပြန်လည်ဖြေကြားပေးဖို့ လိုလားတယ်လို့ သိရှိရပါတယ်။

ကဲ… ဒီလောက်ဆိုရင် သင့်အနေနဲ့ Social Customer Service ပြုလုပ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးအမြတ်များကို သိရှိလောက်ပြီ ဖြစ်သလို Customer များဖက်က လိုလိုလားလား တောင်းဆိုနေပြီ ဖြစ်တာကြောင့် သင့်ရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ် (Brand) ကို လူမှုကွန်ယက်များပေါ်မှာ အမြန်ဆုံး လွှင့်တင်ပြီးတော့ စနစ်တကျ ကိုယ်တွယ်ဆောင်ရွက်သွားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

အကယ်၍များ သင့်ရဲ့ Brand အတွက် Social Media Marketing ပြုလုပ်ဖို့နဲ့ Social Customer Service ပေးအပ်ဖို့ Professional အကူအညီ လိုအပ်တယ်ဆိုရင်တော့ Hyve Media & Communications သို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

---

Hyve Media & Communications | Truly Global, Proudly Myanmar
www.hyvemyanmar.com
info@hyvemyanmar.com

Pages များတွင် Page Cover အဖြစ် Video ကို သုံးစွဲမှုကို Facebook စတင်စမ်းသပ်

Facebook အနေနဲ့ လာမည့် နှစ်အနည်းငယ်အတွင်းမှာ ယင်းတို့ရဲ့ လူမှုကွန်ယက်ကြီးပေါ်က Content အများစုဟာ ဗီဒီယိုတွေ ဖြစ်လာလိမ့်မယ်လို့ ကြိုတင်တွက်ဆ ထားတာနဲ့အညီ လုပ်ငန်းသုံးဆိုင်ရာ Pages များကိုလည်း Video Content အတွက် အဆင်သင့် ပြင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကစပြီး အချို့သော Pages များပေါ်မှာ Page Cover Video တွေကို စတင်စမ်းသပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ အားလုံးသိတဲ့အတိုင်း လက်ရှိအချိန်မှာ Pages များရဲ့ Page Cover များကို Image (ဓာတ်ပုံ) အနေနဲ့သာ ထည့်သွင်းနိုင်ပြီး ဒါအနေအထားဟာ မကြာမီ လပိုင်းအတွင်းမှာ ပြောင်းလဲသွားဖို့ အလားအလာ ရှိနေပါတယ်။

Facebook က စမ်းသပ်နေတဲ့ Page Cover Video ပုံမှာ ဖြင်တွေ့ရတဲ့အတိုင်း Looping ဖြစ်နေတဲ့ GIF ပုံစံ ဗီဒီယို တစ်ခုပဲဖြစ်ပါတယ်။

Facebook အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ Personal စာမျက်နှာများအတွက် Profile Photo နေရာမှာ Video ထည့်သွင်းနိုင်တဲ့ လုပ်ဆောင်ချက်ကို ဖန်တီးပေးခဲ့ပါတယ်။ ယခု စမ်းသပ်နေတဲ့ လုပ်ငန်းသုံး Pages များအတွက် Page Cover Video လုပ်ဆောင်ချက်က ဘယ်အချိန်မှာ စတင်သုံးစွဲနိုင်မည်ကိုတော့ မသိရသေးပါဘူး။

သေချာတာတစ်ခုကတော့ ဒီလုပ်ဆောင်ချက်ဟာ လူကြိုက်များ အောင်မြင်ဖို့ အလားအလာ ရှိနေပြီး Marketing သမားများအတွက်လည်း လက်နက်ကောင်းတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Hyve Media & Communications | Truly Global, Proudly Myanmar

www.hyvemyanmar.com
info@hyvemyanmar.com