Marketing Myanmar

Pages များတွင် Page Cover အဖြစ် Video ကို သုံးစွဲမှုကို Facebook စတင်စမ်းသပ်

Facebook အနေနဲ့ လာမည့် နှစ်အနည်းငယ်အတွင်းမှာ ယင်းတို့ရဲ့ လူမှုကွန်ယက်ကြီးပေါ်က Content အများစုဟာ ဗီဒီယိုတွေ ဖြစ်လာလိမ့်မယ်လို့ ကြိုတင်တွက်ဆ ထားတာနဲ့အညီ လုပ်ငန်းသုံးဆိုင်ရာ Pages များကိုလည်း Video Content အတွက် အဆင်သင့် ပြင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကစပြီး အချို့သော Pages များပေါ်မှာ Page Cover Video တွေကို စတင်စမ်းသပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ အားလုံးသိတဲ့အတိုင်း လက်ရှိအချိန်မှာ Pages များရဲ့ Page Cover များကို Image (ဓာတ်ပုံ) အနေနဲ့သာ ထည့်သွင်းနိုင်ပြီး ဒါအနေအထားဟာ မကြာမီ လပိုင်းအတွင်းမှာ ပြောင်းလဲသွားဖို့ အလားအလာ ရှိနေပါတယ်။

Facebook က စမ်းသပ်နေတဲ့ Page Cover Video ပုံမှာ ဖြင်တွေ့ရတဲ့အတိုင်း Looping ဖြစ်နေတဲ့ GIF ပုံစံ ဗီဒီယို တစ်ခုပဲဖြစ်ပါတယ်။

Facebook အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ Personal စာမျက်နှာများအတွက် Profile Photo နေရာမှာ Video ထည့်သွင်းနိုင်တဲ့ လုပ်ဆောင်ချက်ကို ဖန်တီးပေးခဲ့ပါတယ်။ ယခု စမ်းသပ်နေတဲ့ လုပ်ငန်းသုံး Pages များအတွက် Page Cover Video လုပ်ဆောင်ချက်က ဘယ်အချိန်မှာ စတင်သုံးစွဲနိုင်မည်ကိုတော့ မသိရသေးပါဘူး။

သေချာတာတစ်ခုကတော့ ဒီလုပ်ဆောင်ချက်ဟာ လူကြိုက်များ အောင်မြင်ဖို့ အလားအလာ ရှိနေပြီး Marketing သမားများအတွက်လည်း လက်နက်ကောင်းတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Hyve Media & Communications | Truly Global, Proudly Myanmar

www.hyvemyanmar.com
info@hyvemyanmar.com